ဘောလုံး • 1 min read
သတင်း

စပိန်အသင်း၏ ၄၃ ပွဲဆက် ရှုံးပွဲမရှိမှုကို အင်္ဂလန် ရပ်တန့်

Zin Thaw

Nov 16, 2026

စပိန်အသင်း၏ ၄၃ ပွဲဆက် ရှုံးပွဲမရှိမှုကို အင်္ဂလန် ရပ်တန့်
0 Shares
2 Views

 

တနင်္ဂနွေညက ကစားခဲ့တဲ့နေးရှင်းလိဂ်ပွဲစဉ်မှာ အင်္ဂလန်အသင်းက ကမ္ဘာ့ချန်ပီယံစပိန်အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့ပြီး စပိန်အသင်းရဲ့ ၄၃ ပွဲဆက်ရှုံးပွဲမရှိမှု စံချိန်ကလည်း ရပ်တန့်သွားခဲ့ရပြီဖြစ်ပါတယ်။

နှစ်သင်းစလုံးက နောက်တစ်ဆင့်ကို တက်ရောက်ခွင့်ရထားပြီးဖြစ်ပေမယ့် အုပ်စုပထမနေရာ ရယူနိုင်ဖို့ သေချာ ပြင်ဆင်လာခဲ့ကြပါတယ်။ ပွဲအစပိုင်းမှာပဲ အင်္ဂလန်အသင်းဟာ ကစားပုံပိုကောင်းခဲ့ပြီး ပထမပိုင်း ပြီးခါနီးမှာ ဟယ်ရီကိန်းရဲ့ ပင်နယ်တီ သွင်းဂိုးနဲ့ အင်္ဂလန်အသင်း ဦးဆောင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း အင်္ဂလန်အသင်း အတွက် ဂိုးတွေကို ကွန်ဆာနဲ့ ဘန်ဝှိုက်တို့က ထပ်မံသွင်းယူပေးခဲ့ပါတယ်။ ၃ ဂိုး-ဂိုးမရှိနဲ့ ရှုံးနေတဲ့ စပိန်အသင်း အတွက် အိုယာဇာဘယ်နဲ့ နီကိုဝီလျံတို့က တစ်ဂိုးစီသွင်းယူပေးနိုင်ခဲ့ပေမယ့် ပွဲအပြီးမှာ အင်္ဂလန်အသင်းက ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

အခုပွဲရလဒ်ကြောင့် အင်္ဂလန်အသင်းနဲ့ စပိန်အသင်းတို့ ရမှတ် ၁၅ မှတ်စီတူညီနေပေမယ့် အင်္ဂလန်က ဂိုးကွာခြား ချက်အသာနဲ့ အုပ်စုပထမနေရာ ရခဲ့ပါတယ်။ အခုပွဲမှာ စပိန်အသင်းကို အနိုင်ယူမယ်ဆိုတဲ့ စိတ်ဆန္ဒပြင်းပြမှုနဲ့ အတူ အင်္ဂလန်ကစားသမားတွေ ကြိုးစားခဲ့ကြတဲ့အတွက် အနိုင်ရလဒ်ကို ရယူနိုင်ခဲ့တာဖြစ်တယ်လို့ အင်္ဂလန် ကွင်းလယ်လူ ဒစ်ကလန်ရိုက်စ်က ပြောပါတယ်။နေးရှင်းလိဂ် လိဂ်(A)ရဲ့ အုပ်စု(၃)ပွဲစဉ်မှာတော့ အီတလီအသင်းက ဘယ်လ်ဂျီယံအသင်းကို ရှုံးနိမ့်ခဲ့တဲ့အတွက် အုပ်စု တတိယသာရခဲ့ပြီး နောက်တစ်ဆင့်တက်ခွင့်နဲ့ လွဲချော်ခဲ့ရပါတယ်။
 

One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ

SUBSCRIBE
ဆက်စပ်နေသော ရေးသားချက်များ
featured post
ဘောလုံး
သတင်း

ဒဏ်ရာကြောင့် အင်တာမီလန်သို့ အကန်ဂျီ ပြန်ရောက်လာ

Zin Thaw

Nov 16, 2026 2

ဆွစ်ဇာလန်အသင်းနောက်ခံလူ အကန်ဂျီဟာ ဒဏ်ရာကြောင့် လက်ရွေးစင်အသင်းကနေ ထွက်ခွာလာခဲ့ပြီး တနင်္လာနေ့မှာ အင်တာမီလန်အသင်းကို ပြန်ရောက်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။